Wednesday, January 20, 2010

ကော့သောင်းမြို့ဓာတ်ပုံ

ကော့သောင်းမြို့ဓာတ်ပုံ

ကော့သောင်းမြို့ဓာတ်ပုံ

ကော့သောင်းမြို့ဓာတ်ပုံ

ကော့သောင်းမြို့ဓာတ်ပုံ

ကော့သောင်းမြို့ဓာတ်ပုံ

Monday, January 18, 2010

လူ့လောကထဲသို့

အတိတ်ကို ပြန်တွေးလိုက်တိုင်း
အရာရာ အဆင်မပြေမှုတွေနဲ့
လရောင်ဖြာဆင်းနေတဲ့
ရေပြင်ပေါ်က လှုပ်ရှားမှုတွေကြည့်လိုက်တိုင်း
ကဗျာနှလုံးသားထဲက
စကားလုံးတွေ လှဲပြိုလာခဲ့
လှိုင်းထနေတဲ့ ပင်လယ်ပြင်
လေနီကြမ်းတွေနဲ့အတူ
မိုးသားတွေထဲ
အဓိပါယ်တစ်စုံတစ်ရာပါလာတယ်
တခါခါဆို ရင်ဖတ်တွေထဲ
ဘာမှမထည့်ပဲ
လူ့လောကကို ပေါ့ပါးစွာခရီးဆက်ချင်တယ်……………

မှော်ဝင်ညရဲ့နမ်းရှိုက်မှု

ကြယ်မစုံတဲ့ မှော်ဝင်ည
သတိရလွမ်းဆွတ်မှုတွေ ဖူးပွင့်
နှလုံးသားရဲ့အလိုကျ
ငါ့ ခန္ဒာကိုယ်တို့ ခရီးနှင်
အချစ်စေတမာန်ရဲ့အလိုကျ
ကြယ်ရောင်တွေနဲ့
မင်း..မျက်နှာလေး မြင်တွေ့ချိန်မှာ
ငါဟာ…
ရှုးသွပ်စွာ အပြစ်တစ်ခုဖန်ဆင်း
နှုညံ့တဲ့လက်ချောင်းလေးများ
ရှိုက်တမက်မက် နမ်းရှိုက်ရုံနဲ့
ငါဟာ…
အသိစိတ်မဲ့ ကမ္ဘာသစ်သို့ရောက်ခဲ့
မရပ်မနား ပြတ်ပြတ်သားသားပြောလိုက်တဲ့
မင်း…စကားလုံးတွေကြောင့်
ဟိုစဉ်က………………….
မျှော်လင့်ချက်မှိန်မှိန်
အခုတော့…
အဓိပါယ်မဲ့ ရှုးသွပ်ခြင်းတွေထဲပျောက်ဆုံး
ပိုင်ဆိုင်ခွင့်မရှိတဲ့
မင်း..ရင်ထဲကအချစ်တွေအတွက်
ငါဟာာ..
ကြေကွဲသောကတွေနဲ့
အိမ်ပြန်ချိန်တောင် မသိခဲ့
ပွေ့ဖက်ထားတဲ့ လက်တွေကြား
အချစ်ဟာပျောက်ဆုံး
မင်း…သိနိုင်မလား???
ငါ… ဘာတွေဖြစ်နေမယ်ဆိုတာ…
ရှုးသွပ်စွာ နမ်းရှိုက်ခဲ့တဲ့
လက်ဖမိုးလေးလည်း
ကြယ်မစုံတဲ့ မှော်ဝင်ညလေးနဲ့အတူ
ပျောက်ကွယ်ခဲ့…
မင်း…သိနိုင်မလာ.???
ငါ…ဘာတွေဖြစ်နေမယ်ဆိုတာ….
ဘာတွေဖြစ်နေမယ်ဆိုတာ…..
ဘာတွေဖြစ်နေမယ်ဆိုတာ…..

သူငယ်ချင်း


ဝေးဝေး၀ါးဝါး ဇာတ်လမ်းနဲ့စ
မှုန်ဝါးဝါးဇာတ်သိမ်းတဲ့
ချစ်ပုံပြင်တစ်ပုဒ်။
ဝင်သက်ထွက်သက်တွေ ရူရိုက်တတ်တဲ့
အရုဏ်ဦးနတ်သမီး။
မင်း….
စကားတစ်ခွန်းမှမပြောဘဲ
တိတ်တဆိတ်နေတဲ့ ညတွေဆို
ငါ့ နှလုံးသားကို
မိစ္ဆာ၀ိညာဉ်တွေပူးကပ်
စိတ်ညို့ခံရသူလို
သမာရိုးကျစကားလုံးတွေနဲ့
ဖွင့်ဟ၀န်ခံချက်တွေပေးခဲ့။
ပွင့်ပွင့်လင်းလင်း
မင်းပြောခဲ့တဲ့ စကားလုံးက
သူငယ်ချင်းတစ်ယောက်လို။
သူငယ်ချင်းဆိုတဲ့ တံဆိပ်တစ်ခု
တပ်ဆင်ပေးလိုက်ရုံနဲ့
ငါ့ နှလုံးသားတွေ
မျှော်လင့်ချက်မဲ့ ကျိန်စာသင့်ခဲ့။
မင်းငါ့ကို
သူငယ်ချင်းဆိုတဲ့ စကားလုံးနဲ့
နှက်သိမ့်မှုဆုတစ်ခု ဂုဏ်ပြုခဲ့
ဘာပဲဖြစ်ဖြစ်လေ
ပထမဆုကို မဆွတ်ခူးနိုင်ပေမဲ့
ငယ်သူငယ်ချင်းလို
ရယ်ရယ်မောမော ပျော်ပျော်ပါးပါး
ဖုန်းပြောခွင့်လေးနဲ့ ဖြေသိမ့်ရုံပေါ့။
ပက်ပက်စက်စက် အသည်းကွဲချင်တဲ့ငါ
အခုတော့
သူငယ်ချင်းဆိုတဲ့ တံဆိပ်တစ်ခုကြောင့်
မျှော်လင့်ချက်မဲ့ ချစ်ခြင်းတွေနဲ့
ငါ့ အခန်းငယ်ထဲ
ပုံပျက်ပန်းပျက် လှဲပြိုနေတယ်….