Thursday, January 16, 2014

Online မှာငွေရှာနည်းများ

နိုင်ငံခြားမှာ ခေတ်စားနေတာကြာဖြစ်တဲ့ PTC ( Paid To Click ) Website များကို ကျွန်တော့်သူငယ်ချင်းများအားလုံး အတွက်မိတ်ဆက်ပေးချင်ပါတယ် တစ်နေ့ကို တစ်နာရီလောက်အချိန်ပေးရုံနဲ့ Internet ပေါ်တွင် ပိုက်ဆံများ ရှာဖွေနိုင်ပါတယ် တစ်ပတ်နှစ်ပတ်လောက် အချိန်ပေးပြီး စိတ်ရှည်လက်ရှည်နဲ့လုပ်မယ်ဆိုရင် ပိုက်ဆံဘယ်လိုတိုးအောင်လုပ်ရမယ်ကို သဘောပေါက်နားလည်လာမှာပါ. အိမ်မှာနေပြီး အဆင်ပြေပြေနဲ့လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်။ အာရုံနောက်စရာ မလိုတော့ဘူးပေါ့။ဒီ PTC လုပ်ငန်းသဘောတော့ Company လုပ်ငန်းတစ်ခုလို့ပုံစံမျိုးဖြစ်တယ်. ဒါပေမယ် ကျွန်တော်တို့ကိုယ်တိုင် Company သူဌေးနေရာမှ လုပ်ရမှာဖြစ်ပြီး ကျွန်တော်တို့လုပ်ငန်းအတွင်း Share များကိုများပြားလာအောင်ပြုလုပ်ရမှာဖြစ်တယ်.. Share ၀င်တွေတစ်နေ့တစ်ခြား များလာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ် ၀င်ငွေတွေလည်း တိုးသထက် တိုးလာမှာဖြစ်တယ် ကျွန်တော်ကတော့ ပိုက်ဆံရှာတဲ့ Website ဆယ်ခုအတွင်းအလုပ်လုပ်နေပြီး တစ်နေ့ကို Website တစ်ခုဆီမှ 2 ဒေါ်လာ ဆိုက်ဆယ်ခုမှာ စုစုပေါင်း 20 $ လောက်ထုတ်ယူနိုင်နေပြီင်္ဖြစ်တယ်။ယခုဒီအလုပ်ကို တစ်လလောက် နေ့စဉ်ပုံမှန်လုပ်ပေးဖို့လိုအပ်တယ်။ကွန်ပျူတာတစ်လုံးမှာ Account တစ်ခုသာအသုံးပြုရမှာပါ။ အမျိုးအစားမတူတဲ့ ပိုက်ဆံရှာဆိုဒ်တွေကိုတော့ ကွန်ပျူတာတစ်လုံးမှာ စိတ်ကြိုက် အသုံးလို့ရပါတယ်။ ရရှိလာတဲ့ပိုက်ဆံများကို လွှဲပြောင်းထုတ်ယူရာမှာတော့PayPal နဲ့ထုတ်ယူဖို့အဆင်အပြေဆုံးဖြစ်တယ် (နောက် ကျွန်တော်အချိန်ရရင် ကော့စမွေး/ ကော့ဖငန်း / ကော့သောင်ကျွန်းက သူငယ်ချင်းတွေအတွက် PayPal နှင့်ချိတ်ဆက်ပြီး Kasikorn Bank မှငွေထုတ်နည်းကိုပြောပြမယ်) ယခုအလုပ်ဟာ တစ်ကယ်ဆို ပိုက်ဆံရှာတဲ့ Website တစ်ခုချင်းစီအတွက် တစ်နှစ်လောက်အချိန်ပေး အလုပ်လုပ်မှငွေများများရလာမှာဖြစ်ပေမဲ့ကျွန်တော်ကသူငယ်ချင်းတို့အတွက်သုံးလေးလအတွင်း အမြန်ဆုံးပိုက်ဆံများတိုးအောင်ပြုလုပ်နည်းများကိုပါ ပြောပြပေးမယ်။ ဒီအလုပ်ဟာ ကျွန်တော်တို့ရဲ့စိတ်ကူးနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းများကိုကြော်ငြာမှုပိုင်မှာလည်းတော်တော်အရေးကြီးပါတယ်။ ဒါမှကျွန်တော်တို့ရဲ့ပိုက်ဆံရှာတဲ့အလုပ်ဟာ မြန်မြန်တိုးတက်လာမှာဖြစ်တယ် ဒါမှ ကျွန်တော်တို့ရဲ့နေ့စဉ် ၀င်ငွေများများရမှာဖြစ်တယ် ရိုးရိုးတန်းတန်း ကြော်ငြာကြည့် ၀င်ငွေယူနေရုံနဲ့မရပါဘူး..ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ညာဏ်ကိုလည်းသုံးရမယ်… ကျွန်တော်ရဲ့ဘော်ဒါအရင်းခေါက်ခေါက်တွေက ပျင်းတတ်လို့ပါဒီလိုပြောနေတာပါ။ ကျွန်တော်တို့ ကော့စမွေကျွန်းမှာနေတဲ့သူတွေကတော့ အင်္ဂလိပ်စာ အတွက်ပြောစရာမလို့ဘူး ဘာဖြစ်လို့လဲဆိုတောဒီအလုပ်ကအင်္ဂလိပ်စာအနည်းအကျဉ်းဖတ်တတ်ဘာသာပြန်တတ်ဖို့လဲလိုအပ်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်က Company သူဌေးနေရာက အလုပ်လုပ်ရမှာဖြစ်လိုပါ။ တစ်ခုသိထားရမှာက ပိုက်ဆံရှာတဲ့အလုပ်ကိုလုပ်ကိုင်ရာမှာတော့ Tablet တို့ Phoneတို့မှာ အသုံးပြုခြင်းကိုအတတ်နိုင်ဆုံးရှောင်စေချင်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ဖုန်းအင်တာနက်ကိုကွန်ပျူတာဖြင့်တွဲပြီးပဲဖြစ်ဖြစ် ပုံမှန်ကွန်ပျူတာဖြင့် အသုံးပြုပြီးဖြစ်ဖြစ် လုပ်ပါ။ကျွန်တော်တို့ထိုင်းမှာ Truemove aircard နှင့်ဆို အကောင်းဆုံဟုကျွန်တော်ယူဆပါတယ်။အဲဒါဆိုရင် ကိုယ်ပိုင်အင်တာနက်လိုင်းနဲ့ကြိုက်တဲ့နေ့ရာမှာသုံးနိုင်ပြီဖြစ်တယ်။ ဒီအလုပ်ဟာ အချိန်အရင်းအနှီးပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက် သေသေချာချာဂရုစိုက်ပြီး စည်းကမ်းများလိုက်နာစေချင်ပါတယ်။ ဒါမှ သုံးလေးလအတွင်း အကျိုးရှိမှပါ။အခုလိုပိုက်ဆံရှာခြင်းနဲ့ပြီးသိချင်တာရှိရင် ကျွန်တော်ကိုဆက်သွယ်နိုင်ပါတယ်။ တကယ့်ပိုက်ဆံရတဲ့ဆိုဒ်တွေကိုလည်းကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးပြောပြပါမယ် တကယ်လို့သိချင်တာရှိရင် sakalay0@gmail.com မှတစ်ဆင့်မေးလို့ရပါတယ်။ ပိုက်ဆံထုတ်ဖို PayPal Account ကိုလွယ်လွယ်ကူကူဖွင့်လို့ရပေမယ့် ဖွင့်လို့ရလာတဲ့ Account တွေဟာVerified မဖြစ်ပါဘူး မဖြစ်တဲ့အတွက် ငွေသွင်း/ထုတ်/လွှဲ ခြင်းများ လုံးဝ ပြုလုပ်မရပါဘူး တကယ်လို့ကိုယ်ကိုတိုင်လုပ်မရသူတွေအတွက် ကျွန်တော်ဆီမှာမေးလိုရပါတယ် ဒါပေမယ့် ဘော်ဒါတို့ကိုပိုက်ဆံအရင်ရှာဖို့အကြံပေးချင်ပါတယ်။ PTC ( Paid To Click ) Website တွေမှာပိုက်ဆံရှာနေသူတွေ အများဆုံးကြုံတွေ့ရတဲ့ ပြသနာတစ်ခုကတော့ Purchase Balance ထဲမှငွေတွေပျောက်သွားခြင်းဖြစ်တယ်။ ဒါကျွန်တော်ကိုယ်တွေပါ Nerdbux မှပိုက်ဆံတွေပျောက်သွားလို့ စိတ်ဆင်းရဲးဖူးတယ်။ ဒါကြောင့်ဝယ်စရာရှိမှ MainBalanceထဲကငွေများကိုPurchaseBalanceထဲသိုဝယ်စရာမရှိဘဲနဲ့မပြောင်းဖို့ပြောအကြံပေးလို ပါတယ်။တကယ်တန်းတော့ ကိုယ်ကိုတိုင်စမ်းသပ်ကလိရမှာဖြစ်ပါတယ်။ .ဒါဆိုအခုကျွန်တော်ပြောပြနေတာထက် ဘော်ဒါတို့ကပိုပြီး ကျွန်တော်ထက်ပိုသိလာမှာပါ အခြားနည်းလမ်းတွေကိုလည်း တွေ့ရှိလာပါလိမ့်မယ်။ ဦးနှောက်သုံးဖို့ပဲလိုတယ်။အခုကျွန်တော်လက်တွေ့ရှင်းပြထားတဲ့ဆိုဒ်တွေက ကျွန်တော်ကိုယ်တိုင်ပိုက်ဆံထုတ်ယူခဲ့သော ဆိုဒ်များဖြစ်ပါတယ်။တစ်ကယ်မထုတ်ရသေးဘဲနှင့်တော့ ပြောပါဘူး. ကျွန်တော်တကယ်ထုတ်လို့ရမှ.သေချာပြီဆိုမှသာပြောခြင်းတယ်. ကျွန်တော်ကိုယ်တိုင်အချိန်ကုန်ခံ စမ်းသပ်ပြီးမှ ဒီစာကိုရေးခြင်းဖြစ်တယ် ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ပါတယ် ဒါပေမယ် ဇွဲ ရှိဖို့တောလိုမယ်။ ပိုက်ဆံ လုံးဝလုံးဝကိုမပေးသော ဆိုဒ်အတုများလည်းရှိပါတယ်။ကြော်ငြာတစ်ခုကို နှစ်ဒေါ်လာ ငါးဒေါ်လာပေးနေပြီဆိုကတည်းက လုံးဝမဟုတ်ဘူးဆိုတော့သတိထားသင့်ပါ။ အခုကျွန်တော်သိသလောက် လေ့လာခဲ့လောက်ကို ဘော်ဒါတို့အတွက် ပုံနဲ့တကွ တစ်ဆင့်ချင်းအသေးစိတ်ရှင်းပြမှာပါ ။ ဒီလိုငွေရှာတဲ့ဆိုဒ်အသစ်တွေ သေချာတိကျတဲ့ဆိုဒ်အသစ်များတွေ့ရင်လည်း တင်ပေးသွားမှာပါ...ကျွန်တော်အခုလက်ရှိ စမ်းသပ်နေတဲ့ WebSiteတွေလဲရှိပါတယ် ကဲ အခု ငွေပေးအမှန်ဆုံးနဲ့ ပိုက်ဆံရများတဲ့ဆိုဒ်တွေကိုရှင်းပြမယ်။ နောက်ထပ်တစ်ကယ်ပေးတဲ့ဆိုဒ်များကိုလည်းအဆင်ပြေတယ်. .တစ်ကယ်ထုတ်လို့ရတယ်ဆိုတာနဲ့တင်ပေးသွားမှာပါ။ NO.1 အကောင်းဆုံးဆိုဒ် ၀င်ငွေအကောင်းဆုံးဆိုဒ် ကျွန်တော်အကြိုက်ဆုံးဆိုဒ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ NO.2 အကောင်းဆုံးဆိုဒ် ကမ္ဘာအမှန်ကန်ဆုံး PTC Siteဆိုပြီးနာမည်ရထားတဲ့ဆိုဒ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ NO.3 အကောင်းဆုံးဆိုဒ် သူလည်းပိုက်ဆံပေးမှန်တဲ့ဆိုဒ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.4 အကောင်းဆုံးဆိုဒ် ပိုက်ဆံပေးမှန်ပြီးဝင်ငွေရကောင်းတဲ့ဆိုဒ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.5 အကောင်းဆုံးဆိုဒ် ကြော်ငြာများပြီးဝင်ငွေရကောင်းတဲ့ဆိုဒ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.6 အကောင်းဆုံးဆိုဒ် သူလည်းဝင်ငွေကောင်းတယ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ NO.7 အကောင်းဆုံးဆိုဒ် ပိုက်ဆံပေးမှန်တယ် ဒါပေမယ့်ကြော်ငြာတော့နည်းတယ်Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.8 အကောင်းဆုံးဆိုဒ် ပိုက်ဆံပေးမှန်တယ် ကြာ်ငြာများတယ်ဝင်ငွေကတော့အသင့်အတင့်Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.9 အကောင်းဆုံးဆိုဒ် ပိုက်ဆံပေးမှန်တယ် လိမ်လို့မရဘူး အမှန်အကန်လုပ်ရတယ် ကြော်ငြာတော့နည်းတယ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ No.10 အကောင်းဆုံးဆိုဒ် တစ်နေ့ကြော်ငြာအခုနှစ်ဆယ်ပဲပေးတယ် Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ ဒီဆိုဒ်က ဆိုဒ်အသစ်ပါ။ ကောင်းတယ်လို့တော့နာမည်ထွက်နေတယ် ကျွန်တော်စမ်းသပ်တုန်းပါ. Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ သူလည်းကောင်းတဲ့ဆိုဒ်တစ်ခုပါ Register လုပ်မယ်ဆိုရင်အပုံကိုနှိပ်ပါ )

Thursday, February 28, 2013

ဘ၀အတွက်အဟာရစကားများ(၂၃)ခွန်း

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀တိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။ (၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။ (၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။ (၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။ (၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။ (၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။ (၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။ (၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။ (၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။ (၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။ (၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။ (၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း နေတာပါပဲ ။ (၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။ (၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။ (၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။ (၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။ (၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။ (၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။ (၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။ (၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။ (၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။ (၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။ (၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

အလုပ်ကြိုးစားတယ်ဆိုတာ

တစ်ခါတုန်းက အလွန်သန်မာတဲ့ သစ်ခုတ်သမားကြီးတစ်ယောက်ရှိပါသတဲ့။ တစ်နေ့တော့ သစ်ခုတ်သမားကြီးဟာ သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်သွားလျှောက်ပြီး အလုပ်ရသွားပါသတဲ့။ သူရဲ့လစာဟာ အလွန်ကောင်းသလို အလုပ်ခွင်အခြေအနေကလည်းအလွန်ကောင်းပါသတဲ့။ ဒါကြောင့်နဲ့ဘဲ သစ်ခုတ်သမားဟာ သူအလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။သူရဲ့ သဋ္ဌေးဟာ သစ်ခုတ်သမားကြီးကို ပေါက်ဆိန်တစ်လက်ပေးပြီးတော့သစ်ခုတ်ရမယ့် နေရာကို လိုက်လံပြသပေးပါသတဲ့။ ဒီလိုနဲ့ ပထမနေ့မှာတော့ သစ်ခုတ်သမားဟာ သစ်ပင်၁၅ ပင် ခုတ်လှဲနိုင်ပါသတဲ့” “ဂုဏ်ယူပါတယ်ကွာ ဒီအတိုင်းတာ ဆက်ပြီး အလုပ်လုပ်”လို့ သဋ္ဌေးကြီးက သစ်ခုတ်သမားကို ပြောပါတယ်။ သဋ္ဌေး ရဲ့ချီကျူးခံရတာကြောင့် သစ်ခုတ်သမားကြီးလည်းစိတ်အားအလွန်တက်ကြွသွားပြီး နောက်တစ်နေ့မှာ ဒီထက်ပိုပြီး ကြိုးကြိုးစားစားနဲ့ သစ်ပင်တွေကိုခုတ်ပါသတဲ့။ ဒါပေမယ့် ၁၀ ပင်သာပြီးအောင်ခုတ်လှဲနိုင်ပါတယ်။ တတိယမြောက်နေ့မှာလည်း ပိုပြီးကြိုးစားပေမယ့် သစ်ပင်၇ ပင်သာခုတ်လှဲနိုင်ပါသတဲ့။ ဒီလိုနဲ့ နေ့တွေနေ့တွေကြာလာလိုက်တာ သစ်ပင်ခုတ်နိုင်တဲ့ အရည်အတွက်လည်း နဲသထက်နဲနဲ လာပါတယ်။သစ်ခုတ်သမားကြီးဟာ သူ့ရဲ့ ခွန်အားတွေ ယုတ်လျော့ ကျဆင်းလာတယ်လို့ တွေးမိပါသတဲ့။ ဒါနဲ့ဘဲ သူ့ရဲ့သဋ္ဌေးဆီကိုသွားပြီးတော့ တောင်းပန်ပါတယ် နောက်ပြီးတော့ ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတာကိုတွေးလို့မရဘူးလို့ ပြောပါသတဲ့။ ဒါနဲ့ သဋ္ဌေကြီးက သစ်ခုတ်သမားကိုမေးပါတယ် “မင်းကို ပုဆိန်ပေးပြီးတဲ့ နေ့ကစပြီး ပုဆိန်ကိုရော သွေးဖြစ်ရဲ့လား” တဲ့“ပုဆိန်ကိုသွေးဖို့…… ကျွန်တော် ပုဆိန်ကို သွေးဖို့ အချိန်မရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကိုဘဲ ခုတ်ဖို့ လုံးပန်းနေလို့” ဆိုပြီးတော့ သစ်ခုတ်သမားကြီးက ပြန်ပြောပါတယ်။ဒီလိုပါဘဲ… ကျွန်တော်တို့ တစ်တွေလည်း အလုပ်ခွင်ထဲရောက်သွားတာနဲ့ ကျွန်တော်တို့ရဲ့ သင်ကြားမှု့နဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်ဆန်းစစ်ဖို့၊ ပိုမိုတိုးတက်အောင်လုပ်ဖို့ မေ့လျှော့နေတတ်ကြပါတယ်။ နောက် ကျွန်တော်တို့သင်ယူထားသလောက်ကရော ပြည့်စုံနေပြီလား။ တစ်ကယ်တော့ အောင်မြင်ဖို့ဆိုရင် အလုပ်ကြိုးစားတာအပြင် ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ ပိုမိုထက်မြက်တောက်ပြောင်လာအောင် သွေးနေဖို့ လိုအပ်ပါတယ်။

ဘ၀အတွက် အောင်မြင်ဖို့ နည်းလမ်း၁၀ချက်

အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့- ၁။ Construction = တည်ဆောက်ခြင်း ၂။ Competence = အစွမ်းအစရှိခြင်း ၃။ Courage = သတ္တိရှိခြင်း ၄။ Communication = ဆက်သွယ်မှုရှိခြင်း ၅။ Charm = ဆွဲဆောင်မှုရှိခြင်း ၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း ၇။ Confidence = ယုံကြည်မှုရှိခြင်း ၈။ Control = ထိန်းချုပ်ခြင်း ၉။ Commitment = ကတိတည်ခြင်း ၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက်မျိုးအထိအသုံးတည့်ပါတယ်။ ၁။ တည်ဆောက်ခြင်း စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။ ၂။ အစွမ်းအစ ရှိခြင်း ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။ ၃။ သတ္တိရှိခြင်း သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။ ၄။ ဆက်သွယ်မှုရှိခြင်း ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။ ၅။ ဆွဲဆောင်မှုရှိခြင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ၆။ စာနာရိုင်းပင်းတတ်ခြင်း လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။ ၇။ ယုံကြည်မှုရှိခြင်း ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။ ၈။ ထိန်းချုပ်နိုင်ခြင်း မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။ ၉။ ကတိတည်ခြင်း တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။ ၁၀။ ရောင့်ရဲမှုရှိခြင်း ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

Friday, December 10, 2010

ငါ့ နောက်ကျောကမြို့

ရှုပ်ထွေးပွေလီ လောကကြီးထဲ
သင့်နိုးရာရာ ကောင်းရာနိုးနိုး
ရှာဖွေရွေးချယ်ရင်း
သက္ကရာဇ်တွေပါးလျကုန်ခဲ့
ဖြေသိမ့်လိုက် အဖြေရှာလိုက်နဲ့
ဝေးရာသို့ ထွက်ပြေးချင်သူပါ။
သမားရိုးကျ နေထိုင်မှုတွေ
ငြီးငွေ့လှပြီ……..
ဝမ်းနည်းမှုတွေ ရောယှက်ထားတဲ့
နှလုံးသားတစ်စုံနဲ့
ငါ တို့မြို့ကလေးကို
ခွဲခွာရလိမ့်မယ်
ပဲချိတ်ပေါ်က နောက်ပြန်လှည့်ကြည့်ရင်း
မျက်ရည်မဲ့ ငိုကြွေးခဲ့တယ်။
ပါချန်မြစ်ထဲ
မျက်ရည်အတ္ထုပ္ပတ္တိတွေရှိတယ်။
ဆင်းဆင်းရဲရဲ ဖြတ်သန်းတဲ့ဘဝ
ဆိုးဆိုးဝါးဝါးတိုက်ခိုက်တဲ့ လောကဓံ
ဒဏ်ရာတွေ ရင်ဝယ်ပိုက်ထွေး
မရေမရာ အတွေးတွေနဲ့
အလင်းမှုန်မှုန်ထဲ
ကော့သောင်းမြိုကို စွန့်ခွာခဲ့
အဲဒီနေ့လည်း သမားရိုးကျကျခါးသီးလို.................

မေ့မရတဲ့ မြို့ကလေး

မေ့ပျောက်မရတဲ့ မြို့ကလေး
မနေ့က အဖြစ်လိုစိတ်ထဲစွဲ
အပျော်တွေ တစ်ကျော့ရစ်ဖြတ်သန်း
ပြန်လွမ်းမိပါရဲ့
လေဘာကို တလိမ့်ချင်းတင်
ဆိုင်ကယ်ကိုယ်စီနဲ့
အ၀ါရောင်ရှုးသွပ်မှုတွေစားသုံး
မြက်တောတွေထဲကခုန်
ငါ တို့ရဲ့အပြောင်အနောက် စကားလုံးတွေ
ဘုရင့်နောင် အငူတ၀ိုက်မှာ
စီးမျှောနေတယ်။
လူငယ်ဘ၀ကို တနင့်တပိုးစားသုံး
ရယ်လိုက် မောလိုက်
စလိုက် နောက်လိုက်
ညစဉ် ညဆက်
အိပ်ရေးပျက် ပျှော်ရွှင်
ဒီမြို့လေးမှာ
ငါ တို့ရဲ့ အိပ်မက်တွေ
ငါ တို့ရဲ့ ရယ်မောသံတွေ
ငါ တို့ရဲ့ လူငယ်ဘ၀တွေ ရှိတယ်။
မမေ့ရက်နိုင်ပါဘူး မြို့ကလေး………………….

မဖြစ်ခြင်းများ

မနက်ခင်းရဲ့ အခင်းအကျင်းထဲ
ကော်ဖီခါးခါးတစ်ခွက်နဲ့
အနာဂတ်ကို ပုံဖော်ကြည့်တယ်။
မဖတ်ရသေးတဲ့ စာအုပ်တွရှိတယ်။
ပျောက်ဆုံးနေတဲ့
အိပ်မက်တွေရှိတယ်
အကောင်အထည် မဖော်ရသေးတဲ့
အိပ်မက်တွေရှိတယ်။
မလုပ်ရသေးတဲ့
အလုပ်တွေရှိတယ်။
အနှစ်နှစ်ဆယ်ကျော်ရုံလေး
အိပ်မက်တွေ ပွေးပိုက်ပြီး
အသက်တွေကြီးလာခဲ့
လူ့လောက ကတော့
Virsion အသစ်တွေ
ပွေးပိုက်ရင်း
အရာရာတိကျမှု မရှိဘူးလို့
ကြွေးကြော်ခဲ့တယ်။

Thursday, November 4, 2010

ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားသူတို့မှာ

၁။ကြမ်းတမ်းပြင်းထန်သော ဝေဒနာခံစားရခြင်း
၂။လောကုတ္တရာ တရားရခြင်းမှဆုံးရှုံးရခြင်း
၃။ကိုယ်ခန္ဓာ ခြေလက်တို့ ပျက်စီးဆုံးရှုံးခြင်း
၎။လေးလံလှစွာသော နှုနာရောဂါစွဲကပ်ခြင်း
၅။ရှုးသွပ်ခြင်း
၆။မင်းဒဏ်သင့်ခံရခြင်း
၇။စည်းစိမ်ဥစ္စာပျက်စီးခြင်း
၈။သူတစ်ပါး စွပ်စွဲခံရခြင်း
၉။ဆွေမျိုးပျက်စီးခြင်း
၁၀။မိမိအိမ်ဂေဟောကို မိုးကြိုးလောင်မီးကျခံရခြင်း
၁၁။ မိမိအိမ်ဂေဟောကို ပကတိမီးလောင်ခံရခြင်း
၁၂။ကိုယ်ခန္ဓာပျက်စီးသည်မှနောက်ကာလ၌
ငရဲမှာကျရောက်တက်ခြင်းတို့ပင်ဖြစ်သည်။

အနာဂတ်လမ်း

ကောင်းကင်ယံမှာ
ဝဲပျံနေတဲ့ ပျံလွှာငှက်တွေ
တိမ်တိုက်တွေ
ညိုမှောင်ပြီးအုပ်ဆိုင်း
ကမ္ဘာမြေကို ရေစက်တွေပက်ဖျန်းမလို့
အဆိပ်ရည်နဲ့အတူ
မျက်ရည်မိုးတို့ ရွာသွန်း
ပုံပြင်မဲ့ရာဇ၀င်တို့ လှန်ကြည့်ရင်း
ရင်မောမှု ရနံ့တသင်းသင်း
ရင်ထဲမှာ တောင်ပုံရာပုံအိပ်မက်တွေ ပြန့်ကျဲ
စိတ်ကူးတွေက ဖရိုဖရဲ
အနာဂတ်လမ်းအတွက်
အလင်းရောင်က မှုန်ပျပျ
ဘယ်လိုပြတိုက်မျိုးမှာ
ငါ့ ဘ၀ကို ခင်းကျင်းမလဲ
စဉ်းစားဆဲ...............................
စဉ်းစားဆဲ.........................

ဝှက်ဖဲ

နေ့တွေ တစ်နေ့ပြီး တစ်နေ့
ညတွေ တစ်ညပြီး တစ်ည
ခေါင်းစဉ်မဲ့ ကဗျာတို့
တစ်ပုဒ်ပြီး တစ်ပုဒ်
ဖွင့်ဖောက်အန်ချ
နေ့သစ်တွေ ရေတွက်
မနက်ဖြန်တွေတိုင်း
လှပမှုတွေ ရေးဆွဲ
ခံစားမှုတွေ အသစ်ဖြစ်လာဖို့
နာရီစက္ကန့် ဘယ်လောက်လိုမလဲ
ဦးနှောက်တစ်ခုလုံး အကျဉ်းချုပ်ပြီး
နှလုံးသားကို အပြီးသတ်ချေမှုန်းရမလား
ငါ မြုပ်ခဲ့ဖူးတဲ့ ရေတိမ်တွေထဲ
ဒေါသတွေ သောက်သောက်လဲ
ဝှက်ထားတဲ့ ဖဲချပ်တွေအတွက်
နာရီစက္ကန့်ဘယ်မှာလဲ
ကြိုးဆွဲတိုင်းကတတ်တဲ့ ရုပ်သေးလား
ခံစားချက်မဲ့ ငါ ဆွဲချလိုက်တဲ့
ကောက်ကြောင်းတွေထဲ
ရှုးသွပ်မှုတွေပါတယ်

Tuesday, November 2, 2010

ကော့သောင်းမြို့နှင့်တနင်္သာရီ

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၏ တောင်ဘက်အကျဆုံး အစွန်းအဖျားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှကွာဝေးလေသည်။ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကိုထိန်းသိမ်းထားလျှက်ရှိသည်။ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့်ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ရနောင်းဘက်မှ ကော့သောင်းကိုလှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်များနောက်ခံပြုလျက်တည်ရှိနေသည်ကိုတွေ့ရှိနိုင်ပေသည်။
ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်။
ကော့သောင်းနှင့်ဘုရင့်နောင်
ဘုရင့်နောင်မင်းတရားကြီး(ခရစ်နှစ်၁၅၅၁ ခုမှသည် ၁၅၈၁ ခုနှစ်)သည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။
ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာစစ်ချီရောက်ရှိလာခဲ့ပေသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သြဇာတိက္ကမကြီးသည့် ဘုရင်တစ်ပါးဖြစ်ခဲ့ချေသည်။သူသည် ၁၅၄၈ခုနှစ်နှင့် ၁၅၆၉ခုနှစ်ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့်နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။
ကော့သောင်းမြို့နှင့်ပတ်ဝန်းကျင်
ကော့သောင်းမြို့တွင် ခရီးသည်အပြိုင်ခေါ်ယူကြသော လှေသမားများ၏ အသံများဖြင့် ပျံ့လွင့်လျက်ရှိသည်။ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။
ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့်ယိုးဒယားလူမျိုးများ အပါအ၀င် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ဗုဒ္ဓဘာသာဘုရားစေတီပုထိုများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များဖြင့် ကော့သောင်းသည် အမြဲတမ်းသက်ဝင်လှုပ်ရှားနေပေသည်။မော်တော်ဆိုင်ကယ်ကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။
ဆူညံသံများမှကင်းဝေးစေရန်နှင့်ကော့သောင်းမြို့၏စွဲမက်ဖွယ်ရှိသော ရူမျှော်ခင်းကို ခံးစားနိုင်ရန်အတွက် ဘုရင့်နောင်မတ်တတ်ရပ်ဟန်ရုပ်တုတည်ရှိရာ တောင်းကုန်ပေါ်သို့ တက်ရောက်၍ ကြည့်ရူနိုင်ပေသည်။လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ၀န်းရံထားကြသည်။အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး အဝေးရှိတောင်းကုန်းငယ်တစ်ခုခြေရင်းတွင် လျှောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ၀ိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟုအမည်မှည့်ခေါ်ခြင်းဖြစ်သည်။
ဘုရင့်နောင်အငူစွန်းတွင်ခြေတံရှည်လူနေအိမ်များ၊နယ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့်လူဝင်မှု့ကြီးကြပ်ရေးစသည့်ရုံးများလည်းရှိသည်။ကော့သောင်းကုန်းမြေနှင့်မျက်နှာချင်းဆိုင်ဆက်စပ်နေသောကျွန်းမှာမြိတ်ကျွန်းစု
တွင်ပါဝင်သောတောင်ဘက်အကျဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်းရှားသည်။မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များထည့်သွင်းဌာပနာထားသည်ဆိုသောတေင်ကုန်းထိပ်ရှိစေတီနှစ်ဆူတည်ရှိရာကျွန်းဖြစ်ပေသည်။ယင်းကြေင့်ပင်အဆိုပါမွေတော်ကျွန်းသို့ ကော့သောင်းဘက်မှငါးမိနစ်ကြာမျှလှေစီး၍ကူးသန်းသွားလာကြသောဘုရားဖူးခရီးသွားများအဆက်မပြတ်ရှိနေတတ်သည်။ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာသူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့်၁၀မိနစ်ခရီးအဖြစ်သွားရောက်နိုင်သည့်စပိဘုတ်(Speed Boat)ဖြင့်သွားေ၇ာက်ပါကသုံးမိနစ်ကြာမျှသွားရသည်။
သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ
ဘုရင့်နောင်ရုပ်ထုတည်ရှိရာနေရာမှအန်ဒမန်ပင်လယ်ပြင်ကိုဖြတ်ကျော်ကြည့်လိုက်ပါကသူဌေးကျွန်းကိုထင်ရှားစွာတွေ့မြင်နိုင်ပေသည်။သူဌေးကျွန်းရှိအန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့်တည်းခိုနားနေရာဟိုတယ်ဖြစ်သည်။၁၈ကျင်းပါဝင်သည့်ဂေါက်တီးရိုက်ကွင်း ကလေးများအတွက် ရေကူးကန်တစ်ခုနှင့်လူကြီးများအတွက် ရေကူးကန်ကြီးတစ်ခု အစဉ်အလာရိုးရာအနှိပ်ပညာဖြင့် ၀န်ဆောင်ပေးမူများသာမက လေ့ကျင့်ခန်းသုံးပစ္စည်းကရိယာများအပြည့်အစုံရှိသော ကျန်းမာရေးလေ့ကျင့်ခန်းနေရာ ကာရာအိုကေခန်းမ
နှင့်နိုင်ငံတကာစားတော်ဆက်များဖြင့် စီစဉ်ပေးထားသည်။ ယင်းဟိုတယ်၏အဆင့်အတန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂြိုဟ်တုဆက်သွယ်ရေး ရုပ်မြင်သံကြား ဟိုတယ်တွင်းရုပ်ရှင်ရုံနှင့် IDD တယ်လီဖုန်းများတပ်ဆင်ဆောင်ရွက်ပေးထားသည်။
ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သိရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်းချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းကပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ ပြာလဲ့ကြည်လင်သော အန်ဒမန်ပင်လယ်ပြင် သူဋ္ဌေးကျွန်း ဆလုံကျွန်းနှင့်ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင်မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။
မြိတ်ကျွန်းစု
မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ရှည်လျားသည်။ယင်းကျွန်းများပေါ်တွင် ဇီဝဇီုးငှက်သိုက်များကို တွေ့ရှိကြသည်။လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။အရည်သွေကောင်း စကျင်ကျောက်များထွက်ရှိသည်။ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက်"ဘုရင့်ကျွန်း "ထားဝယ်ကျွန်းနှင့်တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကိုလှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။
ဆလုံတို့ဋ္ဌာနီ
တစ်ချိန်သောအခါက အသားအရေညိုမည်းပြီး နေလောင်ဒဏ်ကြောင့် ခြောက်သွေ့၍နီကြောင်ကြောင်ဖြစ်နေသော ဆံပင်များရှုပ်ပွနေသည့် ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်ဝင်များဖြစ်သည်။၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့်အတော်ပင်တူညီမှုရှိနေသည်ကိုတွေ့ရသည်။ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်းအံ့သြဖွယ်ရာဖြစ်ပေသည်။၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။
ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအ၀ယ်ဒိုင်များသို့ရောင်းချကြသည်။
ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။တနင်္သာရီတိုင်းသည် ရေသယံဇာတ မြေသယံဇာတပေါများသည်ဖြစ်ရာ လယ်ယာကဏ္ဍစုစုပေါင်း စိုက်ပျိုးနိုင်မှုသည် ယခင်တစ်နှစ်လျင် ဧက ၄၆၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဧက ၆၇၀၀၀၀ ကျော်အထိတိုးတက်လာကြောင်းသိရသည်။တစ်နှစ်ဆန်စပါးစိုက်ပျိုးထုပ်လုပ်နိုင်မှုသည်လည်း တင်းပေါင်း ၁၆၇ သိန်းအထိတိုးတက်လာသည်ဟုဆိုသည်။
တနင်္သာရီတိုင်းသည် ဆီအုန်းစိုက်ပျိုးရန်းရေမြေသဘာဝ ရာသီဥတုအခြေအနေပေးသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၆ဖွဲ့ကဆီအုန်းပင်များကို အင်တိုက်အားတိုက်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်တွင် ဧက ၁၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်သည်။မကြာသောကလတွင် တနင်္သာရီတိုင်းသည် နိုင်ငံတော်၏ဆီအိုးကြီးအဖြစ်တင်းစားခေါ်ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။
စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သော ရော်ဘာကိုလည်း ဧက ၁၄၀၀၀၀ ကျော်အထိတိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။သားငါးကဏ္ဍတိုးတက်မှု ငါးပုစွန်ထုပ်လုပ်မှု ပုလဲမွေးမြူရေးလုပ်ငန်း ဥစားကြက်မွေးမြူရေး ပညာရေးစသည့်ကဏ္ဍအသီးသီး၌ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့သည်။စက်မှုဇုန်းများဖွဲ့စည်းပြီး မော်တော်ကားများကိုပင် ထုပ်လုပ်နေလေပြီ။ ရေး-ထားဝယ်မီးရထားလမ်းကိုလည်းဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။တနင်္သာရီတိုင်းအတွက် အသစ်တည်ဆောက်ပြီးသွားသော လေညှာမြစ်ကိုဖြတ်ကူးထားသည့် လေညှာ-မဏ္ဍိုင်တံတားနှင့်ကျွဲကူး-ကျောက်ဖျာတံတားတို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။သဘာဝဓာတ်ငွေ့ကိုလည်းတိုးချဲ့ရှာဖွေဖော်ထုတ်လျက်ရှိနေသည်။ကျွဲကူး-ကျောက်ဖျာတံတားမှာ တနင်္သာရီတိုင်းတွင်တည်ရှိ၍ကျောက်ဖျာမြစ်ကူး မြိတ် - ထားဝယ်ကားလမ်းပေါ်၌တည်ရှိသည်။ယခုအခါတနင်္သာရီတိုင်းတွင် တံတားများစွာတို့ကို နိုင်ငံတော်ကတည်ဆောက်ပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှတောင်ဘက်စွန်း ကော့သောင်းမြို့အထိတောက်လျှောက်ဥဒဟိုသွားလာနိုင်ပြီဖြစ်သည်။မြန်မာပြည်တောင်ဘက်အဖျားစွန်းက ကော့သောင်းမြို့သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုလှပသာယာကာကြည်နှုးဖွယ်ဖြစ်ပေတော့သည်။

Wednesday, October 27, 2010

မြန်မာအလံအပြောင်းအလဲ


နှစ်နှစ်ဆယ်ကျော်ကြာအလေးပြုလာခဲ့တဲ့ အလံလေးကိုပြောင်းလဲလိုက်ပါပြီ ကျွန်တော်ရဲ့သူငယ်ချင်းများအတွက် အလံဟောင်းရောအလံသစ်ပုံပါတင်ပေးလိုက်ပါတယ်

ကြယ်ကြွေသတိုးသားသို့နောက်ဆုံးနုတ်ဆက်ခြင်း










၅.၈.၀၇တွင်ကွယ်လွန်ခဲ့သော တာရာမင်းဝေ၏နောက်ဆုံးခရီးဓာတ်ပုံများIT Reshare Site_မှကူးယူဖော်ပြသည်

Saturday, October 23, 2010

သီတင်းကျွတ်အလွမ်း

အခုချိန်ဆို
ရွှေကော့သောင်းလည်း
မာကျူရီမီးနဲ့အတူ ဆီမီးထိန်ထိန်လင်းလို့
ရွှေလရောင်ထိန်ထိန်ကြား
ဆီမီးဝါ၀ါတွေ စီစီညီလို့
အဝေးရောက် ကျွန်တော်
အမိမြေလွှမ်း သတိရမှုတွေ
ဒလိမ့်ခေါက်ကွေး စီးဝင်
အဘိဓ္ဓာန်ဆန်ဆန် အတွေး
အိပ်မက်မက်ဆန်ဆန် စိတ်ကူးတွေ
မင်တံကြားက စိမ့်ယိုပေါက်ကျ
သတိရလွမ်းဆွတ်မှုတွေ
မျဉ်းကြောင်းပေါ်သွန်ချ
အ၀ါရောင်ရူးသွပ်မှုတွေမေ့ပစ်
လပြည့်ညတွေအတွက်
အဆုံးသတ်မျဉ်းကြောင်းတွေ
သုံးသတ်မှုတွေ မထည့်ချင်တော့ဘူး……………

အမိမြေအလွမ်း

ကောက်ကြောင်းမဲ့ သတိရခြင်း
စုတ်ချက်မဲ့ လွမ်းဆွတ်ခြင်းနဲ့
စိတ်ကူးတွေ လေပူဘောင်းလို
အတိတ်သို့ လွင့်ပါ
အမိမြေကို စွန့်ခွာခဲ့သလို
အမေ့အိမ်ကိုလည်း စွန့်ခွာခဲ့
အမေ့ကိုလွမ်းသလို
ရွှေကော့သောင်းကိုလည်းလွမ်း
ထိုင်နေကျ"ကျော်စု "ဆိုင်လေးနဲ့
ဘော်ဒါတို့ကို လွမ်းပါရဲ့
စမ်းတ၀ါး အိပ်မက်များနဲ့
အဖုအထစ်တချို့
အဖြစ်အပျက်တွေ မဖြစ်မနေ
post တင်ဖို့ စိတ်ကူးချိုချိုတွေ
မက်မက်စက်စက်လိုအပ်တယ်……………..

Friday, October 22, 2010

လမ်းပျောက်သောနေ့များ

စိတ်ပျက်စရာကို စိတ်ပျက်တယ်
တစ်ခါခါဆို ပျစ်ပျစ်နှစ်နှစ်
ဆဲပစ်လိုက်ဖို့ ကောင်းတယ်
လူ့ဘ၀ကြီးထဲ
အလိုမကျမှုတွေ ပွေးပိုက်ရင်း
မျှော်လင့်ချက်တွေ လုံးပါးပါးခဲ့ပြီး
ပြီးတော့လည်း ပြီးသွားမှာပါပဲ
ထင်လား…………
မပြောင်းလဲတဲ့ ခေါင်းစဉ်အောက်
မပျက်မကွက် နေထိုင်မှုရဲ့
အံ့ချော်နေဆဲ
အဖြစ်အပျက်တွေရှိတယ်
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
ထမင်းရည်စည်းလောင်
ယဉ်ကျေးမှုများနဲ့ လူတချို့
ကိုယ်တိုင် ရှင်းပြမတတ်တဲ့
စကားလုံး တချို့
လပ်ဆတ်မှုမဲ့ စိတ်ဓာတ်တစ်ခု
စိတ်ပျက်စရာ ကောင်းလောက်အောင်
အရာရာ နိမ့်ကျမှုတွေနဲ့
အရာရာ မကျေနပ်မှုတွေနဲ့
ငါ့ ၀ိဥာဉ်တစ်ခုလုံး မရှင်းမလင်း
ဘ၀ဆိုတာ
ဘယ်လို ခေါင်းစဉ်တပ်မလဲ
ဘယ်လို တံဆိပ်တပ်မလဲ
အနှစ် နှစ်ဆယ်ဖြတ်သန်းလာခဲ့သမျှ
ရသ ကိုးပါး ခံစားခဲ့သမျှ
အချောမသတ်ရသေးတဲ့
အိပ်မက်တွေဖောင်းကားလို့
အရာရာအားလုံးဟာ
ပြီးတော့လည်း ပြီးသွားမှာပဲ……….

ဂျစ်ပစီအဖိုးအိုနှင့်လူငယ်များ

ကင်းကွာခဲ့သော ဘော်ဒါများနဲ့
တွေ့ဆုံဖို့ဆင်းလာခိုက်
အ၀ါရောင်ပျော်ရွှင်မှုတွေနဲ့ ပက်ပင်းတိုးခဲ့
နားလိုက် ရွာလိုက်
မိုးစက်တွေကြား
အပေါင်းအသင်းများနဲ့
အ၀ါရောင်ပျော်ရွင်မှုတွေ မျှဝေခံစား
ပင့်ရုန်းပေါက်ချလိုက်တဲ့
မိုးစက်တွေအောက်
ဖြူစင်မြင့်မြတ်မှုတွေ
တွေ့လိုက်ရတယ်
မငြိမ်းမချမ်း
အိမ်ကထွက်လာပေမဲ့
ဘော်ဒါတို့ရဲ့
သနားကြင်နာမှုတွေ မြင်တွေ့ခွင့်ရခဲ့
အဲဒီည…..
ဝိဥာဉ်ဆန်ဆန် အဖိုးအိုတစ်ဦးကို
သူနေထိုင်ရာ မြို့စွန်းက
နတ်စင်သို့ပို့ဆောင်
အပြန်လမ်းမှာတော့
စုတ်ချက်ကြမ်းကြမ်း ဘ၀အတွက်
အရိုးပေါ် အရေတင်
စီးပွားရေး အတွေးအခေါ်များနဲ့
အရောင်းအ၀ယ် စကားတို့
အေးမှုန်ခါးခါး အလင်းမျက်နှာထဲ
စိမ့်ယိုပေါက်ကျလို့
ငါကတော့
ငေးမှိုင်တိတ်ဆိတ်
ညရဲ့အထားအသို
လှိုင်းရိုက်သံရဲ့ အခင်းအကျင်း
ဂျစ်ပစီအဖိုးအိုတစ်ဦးရဲ့
ဗလုံးဗထွေး စကားသံများ
မင်းတို့ရဲ့ သနားကြင်နာမှု
အမှောင်အသမ်းမှာ
အသိအမှတ်ပြု စဉ်းစားရင်း
ငါ့ စိတ်ကူးတွေ
ပီပီပြင်ပြင် ဖြစ်မလာခဲ့ဘူး
ငါ ချယ်မှုန်းမဲ့ စိတ်ကူး
ဒီထက်မက လှပပါတယ်
ဒီထက်မက ခန်းနားမြင့်မြတ်ပါတယ်
တလိမ့်ခေါက်ကွေး ကျလာတဲ့
လေးနက်မှုတွေ တွေးတောရတာ
ငြီးငွေ့လှပြီ……..
ဖြစ်နိုင်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး
လူ့လောကကို ဖြတ်သန်းကြပါစို့….

Thursday, October 21, 2010

အတ္တ

မရေရာ မသေချာ
စိတ်ကူးတို့ ခြစား
ကံကြမ္မာဆိုးတို့ မွှေနောက်
ဓားဆိုးတို့ ခုတ်ထစ်မှတော့
မှောင်တစ်ဝက် လင်းတစ်ဝက်
အလင်းနှစ်တွေထဲ
ခေါက်ရိုးကျိုးရင်း
အသံတွေ နားထောင်ရင်းနဲ့
အတွယ်အတာမဲ့မှုတွေပဲ
လိုအပ်တယ်……..
မုသာဝါဒအပြုံးတို့ ပြုံးတတ်ခဲ့တာ
မုသာဝါဒစကားတို့ သုံးတတ်ခဲ့တာ
မျက်နှာဖုံးစွပ် ဆက်ဆံရေးတွေနဲ့
လူ့လောကကို ဖြတ်သန်းခဲ့တာ
ဟန်ချက်မညီ လူ့လောကကြောင့်ပဲ
ဟန်ဆောင်မှု အကောင်းဆုံးနဲ့
ငါ့ ဘ၀ကို ဖြတ်သန်းခဲ့တာ
အတ္တတချို့ပဲ
စုံစုံမက်မက် ကျန်ခဲ့တယ်…..

အတိတ်က အလင်းတချို့

အလင်းနဲ့ မိုးပွင့်တို့
ပျောက်ဆုံးလွင့်ပါးခဲ့တဲ့
အတိတ်နေ့ရက်များ
အလင်းတစ်ပေါက် နှစ်ပေါက်
ရွာသွန်းခဲ့တယ်
ဘ၀င်လေဟပ် စိတ်ကူးနဲ့
တစ်ပိုင်းတစ်စ ပြိုဆင်းလာတဲ့
ရင်းတွင်းခံစားချက်တွေကို
ကဗျာတွေနဲ့ချယ်မှုန်း
အရောင်မဲ့ သတိရခြင်းတွေနဲ့
စကားလုံးတို့ ကခုန်ခဲ့တယ်
တစ်ပုဒ်မှာ တစ်ကြောင်းကောင်းရုံနဲ့
လူ့လောက မဖြစ်လာနိုင်ဘူး……

အချစ်ကဘာမှအရေးမကြီးဘူး

အလွမ်းတွေ ပြန့်ကျဲနေတဲ့
အခန်းငယ်ထဲ
ဒဏ်ရာ ဒဏ်ချက် အပြည့်အစုံနဲ့
ငါ့ ၀ိညာဉ် လဲလျောင်းနေတယ်
ကြေမွသွားတဲ့
မျှော်လင့်ချက်တွေဟာ
ငါ့ အတွက် နိဂုံးလား
အိပ်မက်တွေ အရောင်လွင့်ပြယ်နေပေမဲ့
ငါ့ချစ်ခြင်းတွေက
ရွှေဝါရောင်မီးတောက်တစ်ခုအဖြစ်
တည်ရှိနေဆဲပါ
မင်းကိုးကွယ်လိုက်တဲ့
ဒုတိယ ဘုရားသခင်ဟာ
မင်း ဘ၀အတွက်
ပျော်ရွှင်မူတွေ ဆောင်ကျဉ်းပေးလိမ့်မယ်လို့
ငါ မျှော်လင့်တယ်
ငါ အတွက်တော့
အလွမ်းခါးခါးတစ်ခွက်နဲ့
ယခုမှ နှက်နှက်ကာကာ
ခံစားရတဲ့
လေးဖြူရဲ့သီချင်းတစ်ပုဒ်ကို
ငါ့ရဲ့အခန်းငယ်ထဲ ခံစားနေလိုက်မယ်
အချစ်ကဘာမှအရေးမကြီးဘူးလို့

ဘ၀ အပိုင်းအစများ

ခပ်နွမ်းနွမ်း ဘ၀တစ်ခု
ပြတင်းပေါက် တစ်ချပ်စာ
ရာသီတွေ ဖြတ်သန်းရင်း
မှိုချိုးမျှစ်ချိုး စကားလုံးတို့ကာကွယ်ရင်း
တလိမ့်ခေါက်ကွေး ချောက်ချားခဲ့တယ်
သင်းပျပျရနံ့တွေရူရိုက်
ခပ်ဝေးဝေးက
တောင်တန်းတွေ ငေးကြည့်ရင်း
ကပေကရေ ဘ၀တစ်ခုလုံး
ခပ်နွမ်းနွမ်းဆုပ်ချေမိတယ်
နှလုံးသားလည်းခေါင်းဖြူစွယ်ကျိုးခဲ့ပြီ…..

မထူးဆန်းဘူး

ရနံ့ပေါင်းများစွာနဲ့အတူ
မျက်ရည်မိုးတို့ ရွာသွန်းခဲ့ဖူးတယ်
ရနံ့ပေါင်းများစွာနဲ့အတူ
မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးတယ်
စကားလုံးတို့တူးဆွ
ခံစားချက်တွေ ထွန်ယက်
ဒုက္ခသီးတွေစားသုံးပြီး
လူ့ဘ၀ကိုခရီးဆက်
အားလုံးကိုချုပ်ကြည့်ရင်
ဘာမှ မထူးဆန်းဘူး
ဘာမှ မရေရာဘူး
ဟောင်းနွမ်းတဲ့ ပုံသေနည်းတွေနဲ့
ဘ၀ကို မတွက်ချက်ချင်တော့ဘူး
လူ့လောကကို ကန့်လန့်ကာချပြီး
ဘ၀ကို နိုးတစ်ဝက်အိပ်မက်တွေ
ဆက်မက်နေလိုက်မယ်

အ၀ါရောင် ဘော်သီးတစ်လုံး

ရေခဲစိမ် စကားလုံးတွေ
မျက်နှာဖုံးစွပ်ပြီး လာမပြောနဲ့
နား စနုတ်ဖြစ်တယ်
ဘယ်သူ့ကိုမှ
အပြာသီးဝင်အောင် မလုပ်ခဲ့ဘူး
အနီသီးလည်း ထုပ်မပြခဲ့ဘူး
အစိမ်းသီးနဲ့လည်း မရင်းနှီးခဲ့ဘူး
ဘ၀မှာ အမှတ်များများရဖို့အတွက်
အနက်ရောင်အသီးတွေကိုပဲ
ရွေးချယ်စားသုံးခဲ့တယ်
အနာဂတ်ဟာ
အ၀ါရောင်ဘောသီးတစ်လုံးဖြစ်မယ်ဆိုရင်
အမှတ်များများလည်း မလိုချင်တော့ဘူး….
နား စနုတ်လည်း မခံချင်တော့ဘူး…
နာရီတွေ ငါ့ကို ကစားခဲ့တာ
နှစ်နှစ်ဆယ် ကျော်ခဲ့ပြီ…..
အခုချိန်ထိ ဘ၀ဟာ
စိတ်စနုတ်တွေနဲ့
ဟိုဘောင် ထိလိုက် ဒီဘောင် ထိလိုက်နဲ့
အရောင်တွေလွင့်ခဲ့……
ဘောင်တွေကျော်ခဲ့…….
ငါ့ရဲ့ အရှင်သခင် ငါဟာလည်း လက်ရည်ညံ့ဖျင်းဆဲ
ငါ့ရဲ့ ကျေးကျွန်း ငါဟာလည်း……………..
ဒါပေမယ့်…
ဘ၀ဟာ…
အ၀ါရောင်ဘော်သီးတစ်လုံးသာဖြစ်ခဲ့မယ်ဆိုရင်…….