Friday, December 10, 2010

ငါ့ နောက်ကျောကမြို့

ရှုပ်ထွေးပွေလီ လောကကြီးထဲ
သင့်နိုးရာရာ ကောင်းရာနိုးနိုး
ရှာဖွေရွေးချယ်ရင်း
သက္ကရာဇ်တွေပါးလျကုန်ခဲ့
ဖြေသိမ့်လိုက် အဖြေရှာလိုက်နဲ့
ဝေးရာသို့ ထွက်ပြေးချင်သူပါ။
သမားရိုးကျ နေထိုင်မှုတွေ
ငြီးငွေ့လှပြီ……..
ဝမ်းနည်းမှုတွေ ရောယှက်ထားတဲ့
နှလုံးသားတစ်စုံနဲ့
ငါ တို့မြို့ကလေးကို
ခွဲခွာရလိမ့်မယ်
ပဲချိတ်ပေါ်က နောက်ပြန်လှည့်ကြည့်ရင်း
မျက်ရည်မဲ့ ငိုကြွေးခဲ့တယ်။
ပါချန်မြစ်ထဲ
မျက်ရည်အတ္ထုပ္ပတ္တိတွေရှိတယ်။
ဆင်းဆင်းရဲရဲ ဖြတ်သန်းတဲ့ဘဝ
ဆိုးဆိုးဝါးဝါးတိုက်ခိုက်တဲ့ လောကဓံ
ဒဏ်ရာတွေ ရင်ဝယ်ပိုက်ထွေး
မရေမရာ အတွေးတွေနဲ့
အလင်းမှုန်မှုန်ထဲ
ကော့သောင်းမြိုကို စွန့်ခွာခဲ့
အဲဒီနေ့လည်း သမားရိုးကျကျခါးသီးလို.................

မေ့မရတဲ့ မြို့ကလေး

မေ့ပျောက်မရတဲ့ မြို့ကလေး
မနေ့က အဖြစ်လိုစိတ်ထဲစွဲ
အပျော်တွေ တစ်ကျော့ရစ်ဖြတ်သန်း
ပြန်လွမ်းမိပါရဲ့
လေဘာကို တလိမ့်ချင်းတင်
ဆိုင်ကယ်ကိုယ်စီနဲ့
အ၀ါရောင်ရှုးသွပ်မှုတွေစားသုံး
မြက်တောတွေထဲကခုန်
ငါ တို့ရဲ့အပြောင်အနောက် စကားလုံးတွေ
ဘုရင့်နောင် အငူတ၀ိုက်မှာ
စီးမျှောနေတယ်။
လူငယ်ဘ၀ကို တနင့်တပိုးစားသုံး
ရယ်လိုက် မောလိုက်
စလိုက် နောက်လိုက်
ညစဉ် ညဆက်
အိပ်ရေးပျက် ပျှော်ရွှင်
ဒီမြို့လေးမှာ
ငါ တို့ရဲ့ အိပ်မက်တွေ
ငါ တို့ရဲ့ ရယ်မောသံတွေ
ငါ တို့ရဲ့ လူငယ်ဘ၀တွေ ရှိတယ်။
မမေ့ရက်နိုင်ပါဘူး မြို့ကလေး………………….

မဖြစ်ခြင်းများ

မနက်ခင်းရဲ့ အခင်းအကျင်းထဲ
ကော်ဖီခါးခါးတစ်ခွက်နဲ့
အနာဂတ်ကို ပုံဖော်ကြည့်တယ်။
မဖတ်ရသေးတဲ့ စာအုပ်တွရှိတယ်။
ပျောက်ဆုံးနေတဲ့
အိပ်မက်တွေရှိတယ်
အကောင်အထည် မဖော်ရသေးတဲ့
အိပ်မက်တွေရှိတယ်။
မလုပ်ရသေးတဲ့
အလုပ်တွေရှိတယ်။
အနှစ်နှစ်ဆယ်ကျော်ရုံလေး
အိပ်မက်တွေ ပွေးပိုက်ပြီး
အသက်တွေကြီးလာခဲ့
လူ့လောက ကတော့
Virsion အသစ်တွေ
ပွေးပိုက်ရင်း
အရာရာတိကျမှု မရှိဘူးလို့
ကြွေးကြော်ခဲ့တယ်။