Friday, August 20, 2010

ဒုက္ခများရောင်းရန်ရှိသည်

ကျေးငှက်တစ်ကောင်
လှောင်ချိုင့်ထဲ ၀င်ကတဲ့နေ့
ကြယ်စင်တွေ ကကြိုးလွဲ
မာန်ထလာတဲ့ ပင်လယ်ြပင်
မိုးသက်မုန်တိုင်းနဲ့ ပေါင်းစီးလို့
ငါ့ စိတ်ဓာတ်တွေ
အပြုတ်ချေမှုန်း
ဒေါသနဲ့ ဆုံးဖြတ်ထားတဲ့ ကစားပွဲ
သောကတွေ သောက်သောက်လဲပေါလာတယ်
ငါ ထွန်ယက်ခဲ့တဲ့ လုပ်ရပ်တွေ
ဒုက္ခတွေ သီးပွင့်လာလို့ပေါ့
ဒုက္ခများရောင်းရန်ရှိသည်
ဆိုင်းပုဒ်ကိုဆွဲ
လူ့လောကထဲဝင်ခဲ့တာ
တစ်ယောက်မှ ငါ့ကို
ဆေးဖေါ်ကျောဖက်
မလုပ်တော့ဘူး...............
ငါ ထွန်ယက်ခဲ့ ဒုက္ခသီးတွေ
ငါ ကိုယ်တိုင် စားသုံးပြီး
လူ့လောကကို
ခရီးဆက်ရအုံးမယ်ပေါ့လေ..................

Thursday, August 5, 2010

ငှက်များ၏ တောင်ပံ

တောအုပ်တစ်ခုကို
အစဉ်တစိုက်ဖြတ်ကျော်ခဲ့
ပင်လယ်တစ်စင်းရဲ့ မာယာ
ကြယ်ကြွေချိန် သံစဉ်နဲ့
ငိုရှိက်သံတွေအတွက်
ကောက်ကြောင်းမဲ့ ဒဏ်ရာတွေနဲ့
အရာရာဟာ မီးခိုးငွေ့တွေဖြစ်လို့
ကြယ်စင်ကြွေချိန်အတွက်
မိုးမျှော်အိပ်မက်တို့ မလိုဘူး.....

မုသာဝါဒ Converter

မီးစတစ်ဖက် ရေတစ်မှုတ်
ကွေးကောက်တဲ့ လက်တစ်စုံကြား
အနမ်းစက်တွေ တွဲလောင်းကျလို့
ရင်ထဲက အနုပညာအတွက်
အနုမြူရောင် မျှော်လင့်ချက်နဲ့
ကဗျာတစ်ပုဒ် မဟုတ်သေးဘူး
်စည်းတစ်ခုခြား
ရင်ဖတ်ထဲ
ဘောင်တစ်ခု သွတ်သွင်းပြီးနောက်
အနှစ်သာရတွေ ပျောက်ဆုံး
ငယ်ငယ်တုန်းကလို
ညစ်ထေးမှုမဲ့ ပျှော်ရွှင်မှုနဲ့
လူ့လောကကို
အိပ်မက် မက်ကြည့်ချင်တယ်
အငွေ့တထောင်းထောင်းထ
ရင်ဖတ်ထဲ
ပူလောင်မှုတစ်စုံတစ်ရာနဲ့
မုသာဝါဒတွေ တပ်ဆင်ရအုန်းမယ်....
နောက်တစ်ကြိမ်အတွက်.....
နောက်အခါအတွက်.........
မုသာဝါဒတွေ မလိုချင်တော့ဘူး.........

ရင်ထဲက Virus

ကမ္ဘာမြေပြင်ကို ပျက်ဖျန်းလိုက်တဲ့
မိုးစက်တွေထဲ
ဖားအော်သံတွေ မပါဘူး...
ငါ နိုးခဲ့တဲ့ တရေးတွေထဲ
အိပ်မက်တွေ မပါဘူး...
ဖြစ်ကတတ်ဆန်း
တည်ဆောက်ထားတဲ့
ဘ၀မျိုး မပါဘူး...
ဘ၀ရဲ့နိဒါန်းတစ်ခုလုံး
မုန်တိုင်းထန်ခဲ့
မထီမဲ့မြင်
စတိုင်မျိုးဝတ်ခြုံထားလို့
ဒလဟောဆင်းလာတဲ့
ငါ့ရဲ့ အဓိကရုဏ်းဖြစ်ပွားမှုတွေ
ဘယ်လိုSoftwareနဲ့
တည်းဖြတ်ရမလဲ.................
ဘ၀ရဲ့ ပန်းတိုင်အတွက်
ဆူးငြောင့်ခလုတ်တွေ ကျော်ဖြတ်
စိတ်ဓာတ်တွေ လျှော်ဖွတ်သန့်စင်
အပြုံးစက်စက်တွေ ၀တ်ခြုံ
လူ့အသိုင်းအ၀ိုင်းထဲဝင်
အခုတော့
ငါ့ရင်ဖတ်ထဲ
Virus တွေကိုက်ခဲနေပြီ............

လူငယ်ဘဝ

ကြယ်တွေ ကြွေတဲ့ညပေါ့
မျက်ရည်တွဲလွဲ ကလေးတစ်ယောက်
ပင်လယ်ပြင်ရဲ့ ရိုက်ခတ်မှု့တွေ
ငေးကြည့်ရင်း
အနာဂတ်တွေ မီးမြိုက်
လူငယ်တစ်ယောက်
ဒုက္ခပင်လယ်ပေါ် စီးမျောရင်း
ကကြိုးတွေလွဲ
လေနီကြမ်းတွေ တိုက်ခတ်ချိန်မှာ
စိတ်ဓာတ်တွေ ဖုန်ကပ်ခံရတယ်

ကြိုးစင်

အနက်ရောင် ပ၀ါချုံပြီး
ငါ့ စိတ်ဓာတ်တွေ
ကြိုးစင်တက်တဲ့နေ့
ကမ္ဘာမြေတစ်ခွင်
မျက်ရည်မိုးတို့နဲ့ မဲမှောင်လို့ပေါ့
ဝုန်းကနဲ ဆင်းသွားတဲ့
ခလုတ်မောင်းတစ်ခုကြောင့်
ငါ...ဘာဖြစ်သွားလဲ.......
ငါ..ဘာတွေဖြစ်သွားလဲ..........
ကိုယ့်ကိုကိုယ် မသိလိုက်ခင်မှာပဲ
ငါဟာ မှောင်မိုက်တဲ့
ကမ္ဘာကြီးထဲ ရောက်သွားတယ်...........